အားကစား

အားကစား

မုံရွာစီးပွားရေးတက္ကသိုလ်တွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ကျောင်းသူ များ၏ ကျန်းမာကြံ့ခိုင်ရေး၊အဖွဲ့အစည်းဖြင့် ပူးပေါင်းဆောင်ရွက်တက်စေရန်နှင့် မိမိအသင်း၊ ကျောင်း၊နိုင်ငံချစ်မြတ်နိုးစိတ်များ ရှိလာစေရန်အတွက် ပညာသင်ကာလအလိုက် အားကစားပြိုင်ပွဲများ ကျင်းပပေးလျက်ရှိပါသည်။

 

မုံရွာစီးပွားရေးတက္ကသိုလ်တွင် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်

  • တက္ကသိုလ်တွင် အားကစားအဆင့်အတန်းကို မြင့်တင်ရန်။
  • ကျောင်းသား၊ကျောင်းသူအချင်းချင်း ချစ်ကြည်ရင်းနှီးရေးနှင့် စစ်မှန်သော အားကစား စိတ်ဓာတ် အပြည့်အဝဖြင့် အားကစားကို ချစ်မြတ်နိုးလာစေ သည်သာမက မေဂျာ ချစ်စိတ်၊ ကျောင်းချစ်စိတ်မှသည် နိုင်ငံချစ်စိတ်ထိ မြင့်မားသောစိတ်ဓာတ်များ ရရှိစေရန်။
  • ကျန်းမာကြံ့ခိုင်သန်စွမ်းပြီး အာဆီယံတက္ကသိုလ်များ၏ အားကစားပြိုင်ပွဲအထိ ပါဝင်ယှဉ်ပြိုင်နိုင်မည့် မျိုးဆက်သစ် လက်ရွေးစင် အားကစားသမားများ ပေါ်ထွက် လာစေရန်။
  • ကာယာ၊ ဉာဏ၊ စာရိတ္တတိုးတက်မြင့်မားရေး၊ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြား ရေးနှင့် အေးချမ်းစွာ ပညာသင်ကြားရေးလုပ်ငန်းအောင်မြင်စေရန်။
  • တက္ကသိုလ်လက်ရွေးစင်အသင်းဖွဲ့စည်းထားရှိရန်။

 

မုံရွာစီးပွားရေးတက္ကသိုလ်တွင် ပညာသင်နှစ်အလိုက် ကျင်းပသောအားကစားနည်းများ

ပထမပညာသင်ကာလ

  • ပြေးခုန်ပစ်
  • ပိုက်ကျော်ခြင်း
  • ဘောလီဘော
  • ဘောလုံး

ဒုတိယပညာသင်ကာလ

  • စားပွဲတင်တင်းနှစ်
  • စစ်တုရင်
  • ကာယဗလမောင်နှင့်ကာယအလှမယ်ပြိုင်ပွဲ

 

မုံရွာစီးပွားရေးတက္ကသိုလ်ရှိ အားကစားကွင်းများနှင့်ဆက်စပ်အားကစားပစ္စည်းများ

  • မိုးလုံလေလုံအားကစားရုံ (လေ့ကျင့်ရေးကွင်းအပါ)
  • မီတာ (၄၀ဝ) ပြေးလမ်းပါဘောလုံးကွင်း
  • လေ့ကျင့်ရေးဘောလုံးကွင်း (ကွင်းဟောင်း)
  • ဘောလီဘောကွင်း
  • ပိုက်ကျော်ခြင်းကွင်း
  • စားပွဲတင်တင်းနစ်ခုံများ
  • စစ်တုရင်ခုံများ
  • လမ်းလျှောက်စက်များ
  • အမျိုးသား ဝိတ်မခုံနှင့်ဝိတ်တုံးများ
  • အမျိုးသမီး ဝိတ်တုံးနှင့်ခါးလှည့်ကွင်း

 

Total Views 576 , and 1 views today