စာကြည့်တိုက်

မုံရွာစီးပွားရေးတက္ကသိုလ် စာကြည့်တိုက်


မုံရွာစီးပွားရေးတက္ကသိုလ်စာကြည့်တိုက်ကို တက္ကသိုလ်၏အဓိပတိလမ်းမကြီးအဆုံး ဘယ်ဘက်ခြမ်းတွင် ဖွင့်လှစ်ထားပါသည်။ မုံရွာစီးပွားရေးတက္ကသိုလ် စာကြည့်တိုက်၏ အဓိကရည်ရွယ်ချက်မှာ သက်ဆိုင်ရာပညာရပ်များနှင့် အကျုံးဝင်သည့်စာအုပ်များကို ရွေးချယ်စုဆောင်းပြီး ယင်းစုဆောင်းထားသမျှသော အကြောင်းအချက်များ ကို လိုအပ်သည့်အချိန်တွင် ရှာဖွေထုတ်ပေးခြင်းဖြင့် ပညာဗဟုသုတ ဖြန့်ဖြူးပေးရန် ဖြစ်ပါသည်။

စီးပွားရေးဘာသာရပ်များဖြစ်သော ဘောဂဗေဒ၊ စာရင်းအင်းပညာ၊ ဝါဏိဇ္ဇဗေဒ၊ စာရင်းကိုင်ပညာ၊ စီးပွားရေးစီမံခန့်ခွဲမှုပညာဆိုင်ရာ စာအုပ်များကို အထူးပြုစုဆောင်း ထားရှိပါသည်။ ထို့ပြင် ကွန်ပျူတာစာအုပ်များ၊ သချင်္ာ၊ ဥပဒေ၊ သမိုင်း၊ မြန်မာစာ၊ ပထဝီဝင်၊ အင်္ဂလိပ်စာပေဆိုင်ရာ စာအုပ်များနှင့် သုတရသစာအုပ်များကိုလည်း စုဆောင်း ထားရှိပါသည်။

စာကြည့်တိုက်တွင် ဘာသာရပ်ဆိုင်ရာနှင့် သုတ၊ ရသစာအုပ်ပေါင်း (၂၁၀၅၀)အုပ် ကျော်နှင့် ဂျာနယ်၊ မဂ္ဂဇင်းအမျိုးပေါင်း(၅၀)ကျော် စောင်ရေအားဖြင့် (၂၄၃၈၆)စောင်နှင့် နေ့စဉ်ထုတ် သတင်းစာများကိုလည်း စုဆောင်းထားရှိပြီးဖြစ်ပါသည်။ ရည်ညွှန်းစာအုပ်ခန်းတွင် အဘိဓာန်များ၊ စွယ်စုံကျမ်းများ၊ လမ်းညွှန်စာအုပ်များ၊ သုတေသနဂျာနယ်များ၊ မြန်မာနိုင်ငံတော်ပြန်တမ်းများ၊ ပါရဂူကျမ်းများ၊ ဘွဲ့လွန် စာတမ်းများ၊ ဘွဲ့ကြိုစာတမ်းများ၊ စီးပွားရေးပညာရပ်ဆိုင်ရာစာအုပ်များကို စုဆောင်းထားရှိပါသည်။

American Center နှင့် Baldwin Library တိုဖြင့် ချိတ်ဆက်၍ (၃)လတစ်ကြိမ် စာအုပ်များ လဲလှယ်ပြီး ငှားရမ်းခြင်း အစီအစဉ်ကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

Total Views 722 , and 2 views today