သမိုင်းအကျဉ်း

မြန်မာနိုင်ငံအထက်ပိုင်းရှိ ကျောင်းသား၊ကျောင်းသူများ စီးပွားရေးနှင့်ဆိုင်သော ပညာရပ်များကို လေ့လာသင်ကြားရာတွင် ပိုမိုထိရောက် လွယ်ကူစေရန်အတွက် စီးပွားရေးကောလိပ်တစ်ခုကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အရှေ့ဘက်၊ ကျောက္ကာလမ်း တောင်ဘက်၊ ဇလုပ်ကျေးရွာအနီး၌ မြေဧက (၂၀ဝ) ပေါ်တွင် ၁၉၉၃ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့တွင် အုတ်မြစ်ချခဲ့ပါသည်။

ထို့နောက် ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့တွင် ပညာရေးဝန်ကြီး ဌာနက “မုံရွာစီးပွားရေးကောလိပ်” ကို “ မုံရွာစီးပွားရေးတက္ကသိုလ်” အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့ပါသည်။ တက္ကသိုလ်တစ်ခု၏ အဆင့်အတန်းနှင့် လျော်ညီစွာအောင် ပံ့ပိုးဖြည့်ဆည်းပေးခဲ့ရာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးပညာရှင်များ မွေးထုတ်ပေးသော တက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်ဆောင်ရွက် ခဲ့ပါသည်။

၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့တွင် Monywa Institute of Economics  အစား Monywa University of Economics ဟု အမည်ပြောင်းလဲ သတ်မှတ်ပေးခဲ့ပါသည်။ မုံရွာစီးပွားရေးတက္ကသိုလ်သည် မြန်မာနိုင်ငံရှိ စီးပွားရေး တက္ကသိုလ်များတွင် MPA and MBA Programs များကို ပထမဆုံးဖွင့်လှစ် သင်ကြားပေးခဲ့ပြီး  အထက်မြန်မာပြည်၏ ထင်ရှားသော စီးပွားရေးတက္ကသိုလ်တစ်ခုအဖြစ် ယနေ့တိုင် ရပ်တည်လျက်ရှိပါသည်။

Total Views 629 , and 1 views today